ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ်အတွင်း အပျော်စီးသင်္ဘောဖြင့်ခရီးသွားဝင်ရောက်မှု ၈၀၀၀၀ ကျော်ရှိ

ဒီဇင်ဘာ ၂၉

ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ် လက်ရှိအချိန်အထိ အပျော်စီးသင်္ဘောဖြင့် ခရီးသွားဝင်ရောက်မှု ၈၀၀၀၀ ကျော်ရှိကြောင်း ဖိလစ်ပိုင်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့( ပီပီအေ )က ယမန်နေ့ကပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာခရီးသွားကန့်သတ်ချက်များဖြေလျှော့ပေးခဲ့ပြီးနောက် ဖိလစ်ပိုင်ကျွန်းများရှိကမ်းခြေများတွင် နိုင်ငံတကာအပျော်စီးသင်္ဘောများ ယခုအခါ ပိုမိုဆိုက်ရောက်လာကြောင်း ပီပီအေ အထွေထွေမန်နေဂျာ ဂျေစန်တီရာဂိုက ပြောကြားသည်။

နိုင်ငံတကာအပျော်စီးသင်္ဘောခရီးသွားများအနေဖြင့် ဖိလစ်ပိုင်ယဉ်ကျေးမှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့် နွေးထွေးမှုတို့ဖြင့်တွေ့ကြုံရမည်ဟု ၎င်းကဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသည် အာရှ၏ အပျော်စီးသင်္ဘောဖြင့် ခရီးသွားအပန်းဖြေရန် အကောင်းဆုံးနေရာအဖြစ် World Cruise Awards က အောက်တိုဘာလက သတ်မှတ်ခဲ့သည်။

၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီကာလက ဖိလစ်ပိုင်နိုင်ငံသို့ အပျော်စီးသင်္ဘောဖြင့်ခရီးသွား ၂၁၄၀၀၀ နီးပါး ဝင်ရောက်မှုရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို