ဖိလစ်ပိုင်နိုင်ငံတွင် စစ်ဘက်ရဟတ်ယာဉ်တစ်စင်း မတော်တဆပျက်ကျမှုကြောင့် လိုက်ပါသူအားလုံးသေဆုံး

မနီလာ ၁၈ ဇန်နဝါရီ

ဖိလစ်ပိုင်လေတပ်ဖွဲ့မှ UH-1 Huey ရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံတောင်ပိုင်းတွင် မတော်တဆပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ရဟတ်ယာဉ်သည် ဇန်နဝါရီ ၁၆ ရက်က ဖိလစ်ပိုင်တောင်ပိုင်း ဘူကစ်ဒနန်ပြည်နယ်တွင် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းအတွက် ပျံသန်းနေစဉ် လမ်းခုလတ်၌ မတော်တဆဖြစ်ပွားကာ လယ်တောတစ်ခုအတွင်းသို့ ပျက်ကျခဲ့သည်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဦးနှင့် လိုက်ပါလာသူ ငါးဦး သေဆုံးခဲ့သည်။

လေယာဉ်မတော်တဆပျက်ကျရသည့်အကြောင်းကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ကနဦးစုံစမ်းချက်အရ ရဟတ်ယာဉ်၏ အင်ဂျင်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ယခုဖြစ်ပွားသည့် မတော်တဆပျက်ကျမှုသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်လေတပ်မှ ရဟတ်ယာဉ် သုံးကြိမ်မြောက် ပျက်ကျခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်နှင့် စက်တင်ဘာ ၁၆ ရက်တို့တွင်လည်း ဖိလစ်ပိုင်လေတပ်မှ ရဟတ်ယာဉ် ပျက်ကျမှုများဖြစ်ပွားခဲ့ပြီး သေဆုံးသူများရှိခဲ့သည်။

ဆင်ဟွာ