ဖိလစ်ပိုင်နိုင်ငံတွင် တတိယမြောက် ပိုလီယိုဗိုင်းရပ်စ်ကူးစက်ခြင်းခံရသောလူနာ တွေ့ရှိ

mdn

မနီလာ ၃၀ အောက်တိုဘာ

 

ဖိလစ်ပိုင်တောင်ပိုင်း မန်ဂွင်ဒါနိုပြည်နယ်မြို့တစ်မြို့တွင် ပိုလီယိုဗိုင်းရပ်စ် ကူးစက်ခြင်းခံရသော အသက်လေးနှစ်အရွယ် မိန်းကလေးတစ်ဦးကို တွေ့ရှိခဲ့ကြောင်း၊ နိုင်ငံအတွင်း တတိယမြောက်ဖြစ်ရပ်အဖြစ် တွေ့ရှိခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ကြေညာသည်။

 

ယခုကလေးငယ်တွင် တွေ့ရှိရသော လက္ခဏာများမှာ ကိုယ်အပူချိန်တတ်ခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့် ကြွက်သားနာကျင်ခြင်းတို့ဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး ဖရန်စစ်ကိုဒူကူးက ပြောကြားသည်။ သက္ကရာဇ် ၂၀ဝ၀ ပြည့်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံအား ပိုလီယိုရောဂါကင်းစင်သော နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာပြီးနောက် ၁၉ နှစ်အကြာ ယခုအချိန်တွင် ဖိလစ်ပိုင် ပိုလီယိုရောဂါ ပြန်လည်ဖြစ်ပွားလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက အတည်ပြုပြောကြားခဲ့သည်။

 

ကိုဒူကူးက ပြောကြားရာတွင် ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့မှ ကိုယ်စားလှယ်များသည် ပိုလီယိုရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လာနိုဒယ်ဆာပြည်နယ်ရှိ သုံးနှစ်သားကလေးငယ်တွင် ပိုလီယိုဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီးနောက် အဆိုပါရောဂါ ကူးစက်ပြန့်ပွားနေကြောင်း ကြေညာခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ