ဖိလစ်ပိုင်ရှိ မေရွန်မီးတောင်မှ ချော်ရည်နှင့် ပြာများထွက်နေသဖြင့် ကျောင်းများ ပိတ်ထားရ

မနီလာ ၁၆ ဇန်နဝါရီ

ဖိလစ်ပိုင်ရှိ ပေါက်ကွဲလုနီးနီး မီးတောင်တစ်ခုမှ ပြာများနှင့်ချော်ရည်များထွက်ပေါ်နေသဖြင့် အနီးရှိမြို့ငယ်များသို့ သက်ရောက်နိုင်ကြောင်း၊ ကျောင်းများကိုလည်း ပိတ်ထားသင့်ကြောင်း  အင်္ဂါနေ့က ဒေသအစိုးရကနေ ထုတ်ပြန်ထားပါတယ်။

မီးတောင်နှင့် ငလျင်ဆိုင်ရာ ဖိလစ်ပိုင်တက္ကသိုလ်မှတ်တမ်းများအရ မီးတောင်မှာ ကိုးကြိမ်လှုပ်ရှားမှုဖြစ်ပေါ်ပြီး လေးကြိမ်မြောက်မှာ ချော်ရည်များပန်းထွက်လာကြောင်း၊ ချော်ရည်နှင့်ပြာများအဆက်မပြတ်ထွက်ပေါ်နေသဖြင့် အချိန်မရွေး ပေါက်ကွဲနိုင်သဖြင့် သတိပေးချက်ထပ်မံထုတ်ပြန်ထားရခြင်းဖြစ်ကြောင်း သိရသည်။

အုန်းပင်များပေါက်ရောက်ရာ ဘီကိုလ်ဒေသရှိ မေရွန်မီးတောင်မှာ ရေခဲမုန့်ပုံသဏ္ဌန်ရှိသဖြင့် ခရီးသွား အများစု ကို  ဆွဲဆောင်နိ်ုင်သော တောင်တစ်ခုလည်းဖြစ်သည်။အဆိုပါမီးတောင်မှာ စနေနေ့ကတည်းက လှုပ်ရှားမှုများ ဖြစ်ပေါ်နေသဖြင့် ဒေသခံများကို ရွှေ့ပြောင်းပေးထားရခြင်းဖြစ်သည်။ရက်အနည်းငယ်အတွင်း မီးတောင် ပေါက်ကွဲနိုင်ခြေရှိသဖြင့် အစိုးရမှ ကျောင်းများကို ပိတ်ထားပြီး ရွှေ့ပြောင်းသူများအတွက် ယာယီ နေထိုင်စရာအဖြစ် စီမံထားကြောင်း သိရသည်။

(MDN)

ကိုးကား-ရိုက်တာ