မနီလာ နိုဝင်ဘာ ၁၈

 

လွန်ခဲ့သည့် သီတင်းပတ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ အင်အားအလွန်ပြင်းသည့် စူပါတိုင်ဖွန်းမုန်တိုင်း မန်ရီ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးလူရှစ်ဦး သေဆုံးခဲ့ပြီး မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်း တစ်လျှောက်၌ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အရာ ရှိများက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။

 

မုန်တိုင်းကြောင့် ဖြစ်ပွားခဲ့သော အမ်ဘာဂီယိုမြို့ မြေပြိုမှုအတွင်း လူခုနစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နယူအက်ဘာ ဗစ်ကာဂျာပြည်နယ် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုရုံးက အတည်ပြု ပြောကြားသည်။

 

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မိမိတို့အသေးစိတ်အချက်အလက်များ ရရှိအောင် လုပ်ဆောင်နေကြောင်း အမည်မဖော်လိုသူ ပြည်နယ် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အင်အားပြင်း စူပါတိုင်ဖွန်း မုန်တိုင်းကြောင့် မနီလာအရှေ့ တောင်ပိုင်း ကာမရင်းစ်နော်တီ ပြည်နယ်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်ကပြော ကြားသည်။

 

မန်ရီသည် တစ်လမပြည့်မီ အချိန်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ခြောက်ကြိမ်မြောက် အင်အားပြင်း မုန်တိုင်းတစ်ခုဖြစ်ကာ ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့သည့် ၁၆ ကြိမ်မြောက် အပူပိုင်း မုန်တိုင်းတစ်ခုလည်း ဖြစ်သည်။ ဆိုင်ကလုန်း မုန်တိုင်းများ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက် ဝင်ရောက် တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းနှင့် အခြားနေရာများတွင် ဖြစ်ပွားခဲ့သည်။

 

ဆင်ဟွာ