ဖိလစ်ပိုင်သမ္မတ မားကို့စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဇူလိုင် ၈

 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ပြောရေးဆိုခွင့်ရှိသူ ရို့ဘီထရစ်ခရုအိန်ဂျယ်လိစ်က ယနေ့တွင် ပြောကြားသည်။

 

မားကို့စ်သည် အသက် ၆၄ နှစ်အရွယ်ရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အဖျားအနည်းငယ်ရှိသော်လည်း ကျန်းမာရေးအခြေအနေစိုးရိမ်ဖွယ်ရာမရှိကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ၎င်းက ပြောသည်။

 

မားကိုစ်၏ယနေ့အစီအစဉ်နှင့်ပတ်သက်ပြီး မြို့တော်မနီလာရှိ အမေရိကန်သံရုံးတွင် ကျင်းပသည့်  လွတ်လပ်ရေးအခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်ဟု ၎င်းကဆိုသည်။

 

မားကို့စ်သည် ၂၀၂၀ ခုနှစ် မတ်လက ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသူ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို