ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း Honorable Albert F.Del Rosario ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

ရန်ကုန် ဧပြီ ၂၁

 

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၂၁) ဖိုးစိန် လမ်းမကြီးရှိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံရုံး၌ ၂၀၂၃ ခုနှစ် ဧပြီ(၁၈) ရက်တွင် ကွယ်လွန် သွားသည့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ နိုင်ငံခြာရေးဝန်ကြီးဟောင်း  Honorable Albert F. Del Rosario အတွက် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌ သွားရောက်လက်မှတ် ရေးထိုးသည်။

 

နိုင်ငံခြားရေးဝန်ကြီးဟောင်းသည် ၂၀၁၁ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး အသက် (၈၃)နှစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)