ဖခင်ထံမှ ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းရယူရန် ဟွန်မာနက်ပြင်ဆင်

ဖနောင်ပင် ဩဂုတ် ၂၁

ဇူလိုင်လ အထွေထွေရွေးကောက် ပွဲပြီးနောက် ကမ္ဘောဒီးယားပါလီမန်ကို ပြန်လည်စတင်လိုက်ပြီ ဖြစ်သည်။  

ဟွန်မာနက်သည် ယခုအခါ သူ့ဖခင်ထံမှ ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းရယူရန် ပြင်ဆင်နေပြီ ဖြစ်သည်။ဟွန်မာနက်သည် သြဂုတ် ၂၂ ရက်တွင် ခေါင်းဆောင်ဖြစ်လာဖွယ်ရှိသည်။ ယခုလအစော ပိုင်းက ထုတ်ဆင့်လိုက်သောတော်ဝင်အမိန့်တွင် ဟွန်မာနက်သည်ဟွန်ဆင်နေရာတွင် ဆက်ခံရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းဖော်ပြထားသည်။

ဟွန်ဆင်သည်ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၄၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်အဆင့်မြင့်ပါတီအဖွဲ့ဝင် အများစုသည် ယခုအခါအသက်၆၀ ကျော်၊ ၇၀ ကျော်ရှိပြီ ဖြစ် သဖြင့် ၎င်းတို့၏ နေရာများကို ၎င်းတို့၏ မျိုးဆက်များကို လွှဲပြောင်းပေးရန် မျှော်လင့်ထား ကြသည်။

ဝန်ကြီးချုပ်ရာထူးမှ အနားယူမည့် ဟွန်ဆင်သည် အစိုးရ အဖွဲ့သစ်တွင် ပြန်လည်ပါဝင်တော့ မည်မဟုတ်ပေ။ သို့သော်လည်းပြည်သူ့ပါတီ၏ ဩဇာလွှမ်းမိုးမှုရှိသော ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ