ဖလမ်း ဇူလိုင် ၂၀
ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လိုင်ဗားရေလှောင်တမံမှ ဖလမ်းမြို့သို့ရေပေးဝေသော ပိုက်လိုင်းများမှာ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရာ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကာလအတွင်း ရေရရှိရေးပြုပြင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့က မြို့ပေါ်ရှိ ဂါလန်တစ်သိန်းဆံ့ ပင်မရေလှောင်ကန် လေးလုံးသို့ ရေရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်များသို့ ရေဖြန့်ဝေနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးသည် ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့မှ မိုင် ၂၀ ခန့် ကွာဝေးသော တလန်းဇာရ်ကျေးရွာအနီး လိုင်ဗားရေလှောင်တမံမှ ဖလမ်းမြို့ ဂါလန်တစ်သိန်းဆံ့ ပင်မရေလှောင်ကန် လေးလုံးသို့ရောက်ရှိ သိုလှောင်ပြီးစီးမှု၊ ရေလှောင်ကန်များမှ ရပ်ကွက်အလိုက် ရေစုကန်များသို့ အဆင့်ဆင့်ရေဖြန့်ဝေ၍ ရေရောက်ရှိမှု၊ ရေစုကန်များမှ မြို့ပေါ်ရပ်ကွက်များသို့ ရေဖြန့်ဝေရေးပိုက်လိုင်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


