ဖြူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဖြူး      ဧပြီ      ၂၃

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် စက်သုံးဆီ အမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချသည့် ဂါလန်ပြည့် ရောင်းချမှု ရှိမရှိကို ဧပြီ ၂၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

 

ထိုသို့ စစ်ဆေးရာတွင် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူ ဦးဆောင်ကာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့မှ တာဝန်ရှိသူများက 92(Octane)၊ 95(Octane)၊ ဒီဇယ် Premiun ၊ ဒီဇယ်(ရိုးရိုး) ရောင်းချရာတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ် ရောင်းချသည့် ဂါလန်ပြည့်မပြည့် တို့အား ဖြူးမြို့နယ်ရှိ ပဲခူးလမ်းဘေး၊ ၁၁၅ မိုင်သွားလမ်း၊ အုတ်ဖြတ်လမ်းဘေးရှိ စက်သုံးဆီ အရောင်းဆိုင် ၁၅ ဆိုင်ကျော်ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)