ဖြူးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဇွန်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာနေ ဦးဆယ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိခြင်းမရှိဘဲ နေအိမ်တွင်ရောက်ရှိနေသူ ဒေါ်ခင်တုတ်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့ညပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမရပူရမြို့နယ်၊ ၆၂ လမ်းနှင့် ၆၇ လမ်းကြား၊ ထုံးဘို-မြစ်ငယ်သွား ကားလမ်းဘေးတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသူ ဇော်မွှေးသိန်း(ခ)ဖိုးချွန်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၆၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကာင်း။

 

ထို့အတူ ယင်းနေ့ည ၇ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာအနီး၊ နမ့်ခမ်း-မန့်ဝိန်းကြီးသွား ကားလမ်း၊ သံတံတားတွင် ဇော်မြတ်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁၁၆၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၅ ဒသမ ၈၃ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

ရဲပြန်ကြား