ဖြူးမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သုံးလုံး မီးလောင်မှုဖြစ်

ဖြူး   ၁၉  ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဂုံမင်းကွင်းကျေးရွာတွင် ယနေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

220

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ညောင်ပင်သာ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုသည် ဂုံမင်းကွင်းကျေးရွာနေ ဒေါ်အေးမူ (၄၂)နှစ်၏ နေအိမ်ရှိ မီးဖိုအတွင်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းအိမ်နှင့်ကပ်လျက်ရှိသည့် ပျဉ်ခင်းသွပ်မိုး နှစ်ထပ်နေအိမ် နှစ်လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ဒေါ်အေးမူ (၄၂)နှစ်အား ညောင်ပင်သာနယ်မြေ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)