ဖယ်ခုံမြို့နယ်၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော် ၂၂ မတ်

ဖယ်ခုံမြို့နယ်၊ နာဟီးကျေးရွာတောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၅)ဧကခန့်အား ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး လင်းနိုင်ဦး ဦးစီးပူးပေါင်းအဖွဲ့က မတ် ၂၁ ရက် နံနက်ပိုင်းက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

MDN