ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

 

ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ အနောက်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၈)ဧကခန့်အား ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့မှ ယမန်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ပင်လောင်းမြို့နယ်၊ ထီတမောင်းကျေးရွာ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၃၀ ဒသမ ၅)ဧကအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN