Physical Education Today For an Active Tomorrow Seminar အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ၁၇ မေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Today For an Active Tomorrow Seminar အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က အဖွင့်အမှာစကားပြောကြားရာတွင် PE Seminar  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုညှိနှိုင်းအစည်းအဝေးတွင် ငွေးကြေးသုံးစွဲမှုနှင့်ဆိုင်သော အကြောင်းအရာများနှင့် အခြားလိုအပ်သည့်အရာများကို ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ National Sports Law ESifhtwl PE Seminar \ ပေါ်လစီများကိုလည်း  ထည့်သွင်း ရေးဆွဲသွားရန် အစီအစဉ်ရှိပါကြောင်း၊ ဇွန်လတွင် နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်ချက်ဖြင့် ခေါင်းစဉ်တစ်ခုချထားပြီး ကျန်းမာရေး၊ အားကစား နှင့်ပညာရေး ပေါင်းစပ်ပြီး ပြုလုပ်သွားရန်ရှိပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် PE Seminar  မှထွက်ပေါ်လာသည့် ရလဒ်သည် အရေးကြီးပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိသည့် လုပ်ငန်းတာဝန်များကို တက်ရောက်လာကြသူများမှ ကော်မတီအလိုက် လိုအပ်ချက် အခက်အခဲများကို ဆွေးနွေးတင်ပြ ကြရာ တက်ရောက်လာသူများအား အချိန်မီ ဖြန့်ဝေပေးနိုင်ရေး၊ ယခု Seminar အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန Mobile Information Literacy Training သတင်းအချက်အလက်နည်းပညာနှင့် သုတပညာ ကျွမ်းကျင်မှု သင်တန်း ပို့ချနေမှုများအား ဝင်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)