ပိဿာမို ၁၁ ငရုတ်သီးများ တစ်ပိဿာလျှင် ငွေကျပ် ၃၅၀ဝ ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၁၀ဝ၀ အထိ ဈေးလျော့ကျ

ရေစကြို  ၅  ဇူလိုင် 

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ရှိ  ကမ္ဘဲ့ကျေးရွာ၊ နွားထိမ်းကျေးရွာတို့တွင် ပိဿာမို ၁၁ ငရုတ်သီးများကို စိုက်ပျိုးရောင်းချလျက်ရှိရာ  ယခင်လအတွင်းက ငရုတ်သီးတစ်ပိဿာလျှင် ငွေကျပ် ၃၅၀ဝ ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၁၀ဝ၀ အထိဈေးလျော့ကျသွားကြောင်း သိရသည်။

 

mdn


                     

“ ဈေးနှုန်းက ပြီးခဲ့တဲ့လနဲ့အခုလယှဉ်ရင် တစ်ပိဿာကို ငွေကျပ်၂၅၀ဝ ဈေးကွာသွားတယ် နှစ်တိုင်းက ဒီချိန်အဲလောက်ကြီးမကွာဘူး ပြီးခဲ့တဲ့လက ဈေးတော်တော်တက်သွားတာကို ခေါင်ခိုက်အောင်တက်သွားတော့ ငရုတ်သမားတွေ တော်တော်အဆင်ပြေကြတယ် နှစ်တိုင်းအမြင့်ဆုံးဈေးက တစ်ပိဿာ ငွေကျပ် ၁၇၀ဝ ပေါ့ ၊ ပြီးခဲ့တဲ့လက ဈေးနဲ့ဆို တအားကွာသွားတယ် အခုဟာ တစ်ပိဿာ ငွေကျပ် ၁၀ဝ၀ ဆိုတော့ အောက်ဆုံးဈေးထိ ရောက်နေတာပေါ့ တော်တော်ကို အောက်ဆုံးဈေးရောက်သွားတယ်” ဟု ကမ္ဘဲ့ကျေးရွာမှ ငရုတသီးစိုက်တောင်သူ ဦးပိုက်ထွေးက ပြောသည်။     

 

ဈေးနှုန်းကကွာသွားတာက အောက်ပိုင်းက ရန်ကုန်ဘက်က နည်းနည်းလေး ထောက်နေတယ်ပြောတယ် အဲလိုထောက်နေတော့ကျွန်တော်တို့နယ်ဘက်မှာပါ ဈေးကျသွားတာပေါ့ ပြီးခဲ့တဲ့လ တစ်လထဲဘဲဈေးကထိုး ထောင်တက်သွားတာ  ဟိုးအရင်လတွေတုန်းကတော့ တစ်ပိဿာကို ငွေကျပ်  ၁၂၀ဝ ပဲ ရှိတာပေါ့  ပြီးခဲ့တဲ့လက ၁၅ ရက် ၊ ရက် ၂၀ လောက်ထိ ဈေးတက်လိုက်တယ်  ဟု ငရုတ်စိုက်တောင်သူ ဦးပိုက်ထွေးက ပြောပြသည်။
                 

 

ပိဿာမို ၁၁ ငရုတ်တစ်ဧကကို တစ်လလျှင် ပိဿာချိန် ၉၀ဝ ကျော် ထွက်လေ့ရှိပြီး အထွက်နှုန်းကောင်းသော စိုက်ခင်းများမှ ပိဿာချိန် ၂၀ဝ၀ ခန့်အထိ ထွက်လေ့ရှိကြောင်း သိရသည်။ ရေစကြိုမြို့နယ်မှ တောင်သူများသည် ပိဿာမို ၁၁ ငရုတ်သီးများကို  ချောင်းဦးမြို့နယ်ရှိ ငရုတ်သီးဒိုင်များသို့ အများဆုံး ရောင်းချလေ့ရှိပြီး ပခုက္ကူမြို့နှင့် မြင်းခြံမြို့များမှ ငရုတ်သီးဒိုင်ငယ်များတွင်လည်း တစ်ခါတရံ ရောင်းချလေ့ရှိကြောင်း သိရသည်။

    

အိမွန်ဆွေ(ရေစကြို)