ပြီးခဲ့သည့် သီတင်းပတ်က ရေနံသွင်းကုန်များ မြင့်တက်လာပြီး ပို့ကုန်များကျဆင်း 

၈ သြဂုတ်

အမေရိကန်စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှု (EIA) က ပြီးခဲ့သည့် ရက်သတ္တပတ် သြဂုတ်လ ၂ ရက်နေ့ အတွင်း အမေရိကန်နိုင်ငံသည် ပို့ကုန်များ ကျဆင်းခဲ့သော်လည်း ရေနံစိမ်းတင်သွင်းမှုများ မြင့်တက်လာသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က တစ်ရက်လျှင် ပျမ်းမျှပို့ကုန် ရေနံစိမ်းစည်ပေါင်း  ၁ ဒသမ ၈၇ သန်းရှိရာ ယခင်သီတင်းပတ်က ပို့ကုန် ရေနံစည်ပေါင်း တစ်ရက်လျှင် ၇၀၉၀ဝ၀ ကျဆင်းလာသော်လည်း  တစ်ရက်လျှင် ပျမ်းမျှ ရေနံစိမ်းစည်ပေါင်း  ၇ ဒသမ ၁၅ သန်း တင်သွင်းခဲ့ရာ ယခင်သီတင်းပတ်က တင်သွင်းမှုရေနံစည်ပေါင်း တစ်ရက်လျှင် ၄၈၅၀ဝ၀ မြင့််တက်လာကြောင်း  အမေရိကန်စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှု (EIA) ၏ အပတ်စဉ်ရေနံစိမ်း အခြေအနေ အစီရင်ခံစာအရ သိရသည်။

ပြီးခဲ့သော ရက်သတ္တပတ်လေးပတ်အလွန်က ရေနံစိမ်း ပျမ်းမျှ တစ်ရက်လျှင် ပို့ကုန် ၂ ဒသမ ၅၇ သန်းခန့်ရှိရာ တစ်နှစ်ထက်တစ်နှစ် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၇၄၀ဝ၀ဝ ခန့် ပို့ကုန် မြင့်တက်လာသော်လည်း ရေနံစိမ်းတင်သွင်းမှု ပျမ်းမျှ တစ်ရက်လျှင် ၆ ဒသမ ၉၂ သန်းခန့်ရှိရာ တစ်နှစ်ထက်တစ်နှစ် ၁ ဒသမ ၂၁ သန်း ခန့် တင်သွင်းမှု ကျဆင်းလာကြောင်း ဖော်ပြထားသည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို