ပြီးခဲ့သည့်နှစ်ထက် ယခုနှစ်တွင် ချင်းဈေးကွက်ပိုမိုကောင်းသဖြင့် ချင်းစိုက်တောင်သူများ အဆင်ပြေ

ရန်ကုန် ဇွန် ၂၅

ပြီးခဲ့သည့်နှစ်ထက် ယခုနှစ်တွင် ချင်းဈေးကွက်ပိုမိုကောင်းသဖြင့် ချင်းစိုက်တောင်သူများ အဆင်ပြေနေကြောင်း မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ယခုနှစ်တွင် ချင်းကို ပြည်တွင်း စျေးကွက်သို့ ဦးတည်ရောင်းချနေကာ လက်ရှိတွင် စိုက်ပျိုးထားသော ချင်းများကို စျေးကွက်အတွင်း ထုတ်ရောင်းသည့် အချိန် ဖြစ်ကြောင်းလည်း သိရသည်။

"ဒီနှစ်ပေါက်စျေးက တောင်သူတွေအတွက် အရင်ကထက် ပိုကောင်းလာတယ်။ ဈေးလည်း ပိုလာတာပေါ့။  ပြည်တွင်း ချင်းစားသုံးမှုကတော့ မြင့်တက်နေတုန်းပဲ၊၊ ခုချိန်က စိုက်ထားတဲ့ချင်းကို ပြန်ထုတ်ရောင်းတာပေါ့၊ ချင်းဟောင်းပေါ့၊ အရင်စိုက်ထားတာကို တူးထုတ်ပြီး အသစ်ကိုထားတဲ့ အချိန်ပေါ့။ ရောင်းဝယ်အားလည်း ပိုတဲ့နှစ်ပေါ့။ ပြည်ပကတော့ လမ်းကြောင်းအခြေအနေကြောင့် မပို့ဖြစ်ဘူး။ ပြည်တွင်းပဲပေါ့၊။ အရင်နှစ်ကတော့ ပြည်ပကို ကျွန်တော်ပို့တယ်၊ ဒီနှစ်က ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် ပို့တာပါ” ဟု ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြိုနယ်ရှိ ဂျင်းရောင်းဝယ်ရေး လုပ်ကိုင်သည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

ယခုနှစ်တွင် ကုန်သည်များလက် ချင်းအဝင်နည်းခြင်း၊ အသစ်စိုက်ပျိုးမည် ကာလ ရောက်ခြင်းနှင့် ယခငင်က စိုက်ခင်းပျက်စီးမှု အချို့ရှိခဲ့သည့်အတွက် ပစ္စည်းရှားပါးမှုကို ကြုံတွေ့ရခြင်းမျိုး ရှိခဲ့ကြောင်းလည်း သိရသည်။

 ၂၀၂၂ ခုနှစ် နွေရာသီကာလများက ချင်းစိုက် တောင်သူများအရှုံးရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ် နှစ်စတွင် ချင်းဈေးပြန်လည် ကောင်းမွန်လာသောကြောင့် စိုက်ပျိုးသူ အရေအတွက် တက်လာခဲ့ကာ မြန်မာနိုင်ငံကထွက်သော ချင်းများကို ပြည်ပသို့ တင်ပို့ခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။

ယခုအချိန် တွင် ဂျင်းစိုက်သူတောင်သူ ပြန်လည်များလာကြောင်း၂၀၂၀- ၂၀၂၁ ခုနှစ်တွင် ချင်း (ဂျင်း) စိုက်ပျိုးထွက်ရှိမှုအနေဖြင့် တန်ချိန် ၈၂၀၀၀ ကျော်ရှိရာ ပြည်တွင်စားသုံးမှုနှင့် နိုင်ငံခြားတင်ပိုလျက်ရှိကြောင်းသိရသည်။

Thit Taw