"ပိုက်ဆံ " ရုပ်ရှင်ဇာတ်ကား ဗီဒီယိုဇာတ်ကားအဖြစ် ပြသမည်

အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က “နှလုံးသားမြို့တော်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအဖြစ် ပထမဆုံး အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ “ခပ်စိမ်းစိမ်းနေပါ့မယ်” ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ “သမီးနှင့် အမေများ”ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ “မသုဓမ္မစာရီ” ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀ဝ၈ ခုနှစ်မှာတော့ “မြင်းမိုရ်ထက်က သရဖူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပြီး လတ်တလောအနေဖြင့် ၂၀၁၇ ခုနှစ်တည်းက စတင် ရိုက်ကူးထားသည့် ပိုက်ဆံ ရုပ်ရှင်ဇာတ်ကားကို ဗီဒီယိုဇာတ်ကား အဖြစ် မြင်ခွင့် ရမည်ဖြစ်ပြီး SkyNet Pay Per View မှတစ်ဆင့် ပြသသွားမည်ဟု သိရသည်။

ဆိုပါ ပိုက်ဆံ ဇာတ်ကားတွင် အကယ်ဒမီကျော်သူ၊ အောင်ရဲလင်း၊ မို့မို့မြင့်အောင်နှင့် သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ Myanmar Media 7 မှ ထုတ်လုပ်ရိုက်ကူးထားပြီး ဇာတ်လမ်းအကြောင်းအရာမှာ လမ်းဘေးတွင် ခိုင်းစားခံနေကြရသည့် ကလေးငယ်များ၏ဘဝကို ရိုက်ကူးပြသထား ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖြတ်သန်းခဲ့တဲ့ အနုပညာခရီးလမ်းတစ်လျှောက်မှာတော့ မကျေနပ်သေးပါဘူး မို့မို့မြင့်အောင်ဆိုတဲ့ နေရာမှာ ဘယ်အရာကိုပဲဖြစ်ဖြစ် အကယ်၍များ စီးပွားရေးဘက် ကူးပြောင်းမယ်ဆိုလည်း သာမန်အနေနဲ့တော့ ရပ်တည်နေမှာ မဟုတ်ပါဘူး၊ ကြိုးတော့ ကြိုးစားနေမှာပါပဲ။ ဘယ်အရာကိုမဆိုရောက်တဲ့ အသက်အရွယ်နဲ့ ပေးလာတဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်ဆုံးရှုံးခံမှာတော့ မဟုတ်ဘူး။ ကလေးတွေ လူငယ်တွေကိုလည်း မမို့ဒီတိုင်းပဲသင်တယ်”ဟု သရုပ်ဆောင် မို့မို့ မြင့်အောင်က ဆိုသည်

ဝေလင်း