ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဧပြီ ၁၉

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ တင်ပို့ခဲ့သည်။

အလားတူ အေးရှားဝေါဆိပ်ကမ်း (AWPT-3) မှ သင်္ဘောပေါ်သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲများ တင်ဆောင်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၂၀ ရက်တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀ဝ နှင့် ဧပြီ ၂၂ ရက်တွင် မင်းထက်မင်း ဆိပ်ကမ်း (MHM) မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ ဆက်လက်တင်ပို့ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်