ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၈ 

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Wilamar (Wilamar International port Terminal) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၆,၀၀၀၊ Yangon International Gateway Terminal (YIGT) ဆိပ်ကမ်းမှ  ပဲတန်ချိန် ၉,၄၀၀ တင်ပို့ခဲ့သည်။

ထို့ပြင် အေးရှားဝေါဆိပ်ကမ်း (AWPT-3) မှ ကုန်သေတ္တာ သင်္ဘောတစ်စီး ရေထွက်ကုန်၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည် သစ်တောထွက်၊ သကြား၊ နှမ်း၊ အထွေထွေ ကုန်ပစ္စည်းများ၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာတို့ တင်ဆောင်ထွက်ခွာသွားသည်။ အလားတူမြန်မာ့စက်မှုဆိပ်ကမ်း (MIP4)၊ အေးရှားဝေါဆိပ်ကမ်း (AWPT3)မှ သင်္ဘောသုံးစီးပေါ်သို့ ပို့ကုန်ရေထွက်ပစ္စည်း၊ ဆန်၊ ပဲများ တင်ဆောင်လျက်ရှိသည်။  

ဆက်လက်၍ မေ ၁၀ ရက်တွင် ဆူးလေဆိပ်ကမ်း (SPW) မှ ပြောင်းဖူးစေ့ တန်ချိန် ၇၁,၉၀၀ နှင့် ဆန်တန်ချိန် ၆,၀၀၀၊ သီလဝါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (MITT-5) မှ ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀ ၊ မြန်မာ့စက်မှုဆိပ်ကမ်း(MIP-2)မှ ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(AIPT)မှ ပြောင်းဖူးစေ့တန်ချိန် ၅၅,၆၀၀ ၊ ယခင်ဗိုလ်အောင် ကျော်ဆိပ်ကမ်း (The Myanmar Termal- TMT)မှ ပြောင်းဖူးစေ့တန်ချိန် ၂၉,၅၀၀ ၊ မင်းထက် မင်းဆိပ်ကမ်း(MHM)မှ ပြောင်းဖူးစေ့တန်ချိန်  ၅,၄၀၀ ၊  Wilamar  (Wilamar International port Terminal) ဆိပ်ကမ်းမှ ဆန်တန်ချိန် ၄,၈၅၀ ၊ ရွှေမဲဆိပ်ကမ်း(SMJ) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း  သိရသည်။

သတင်းစဉ်