ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မေ ၁၂

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၅,၄၀၀ ၊ ရွှေမဲဆိပ်ကမ်း (SMJ) မှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ ၊ Wilmar (Wilmar International Port Terminal) ဆိပ်ကမ်းမှ ဆန်တန်ချိန် ၄,၈၅၀ တင်ပို့ခဲ့သည်။

ထို့ပြင် မေ ၁၅ ရက်တွင် ဆူးလေဆိပ်ကမ်း (SPW) မှ ပြောင်းဖူးစေ့တန်ချိန် ၇၁,၉၀၀ နှင့် ဆန်တန်ချိန် ၆,၀၀၀၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ ပြောင်းဖူးစေ့တန်ချိန် ၅၃,၅၀၀၊ အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT) မှ ပြောင်းဖူးစေ့တန်ချိန် ၅၈,၄၀၀ ၊ ဆန် တန်ချိန် ၁၂,၅၀၀ ၊ ယခင်‌ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Termal- TMT)မှ ပြောင်းဖူးစေ့တန်ချိန် ၂၉,၅၀၀ ၊ မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ပြောင်းဖူးစေ့တန်ချိန် ၅,၄၀၀၊ Yangon International Gateway Terminal (YIGT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၁,၀၀၀ ၊ Myanmar Five Star Line (MFSL) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်