လွိုင်လင်     ဇွန်     ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိုးရာသီဘောလုံးပြိုင်ပွဲ (အမျိုးသား)ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ  ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)  ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်က အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းသူများက တေးသရုပ်ဖော်သီချင်းဖြင့်ကပြဖျော်ဖြေပြီး  ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲသို့ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ကျောင်းသား ကျောင်းသူများ၊ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြပြီး ဘောလုံးပြိုင်ပွဲတွင်  မေဂျာအသီးသီးမှ  အသင်းငါးသင်းပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

လွိုင်လင်မိုး