ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ  ဇွန်  

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေး အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂-၂၀၂ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(.၇၃၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံလမ်းမ‌တွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို မေ ၂၃ ရက်‌တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မေ ၃၁ ရက်တွင် လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်နှင့် ဝင်းဖရ‌ကျေးရွာအုပ်စု၊ တောင်ပလောင်ကျေးရွာ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အရှည်(၂၀၀)ပေ၊ အကျယ်(၁)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ် အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုအခါ လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပြီးဖြစ်၍ မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေလွယ်ကူ‌‌စေပြီး ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီးဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)