ပိုင်ကျုံမြို့၌ လျှပ်စစ်ဓာတ်အားခွဲရုံ ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ မေ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံး၌ ၆၆/၁၁ကေဗွီ ဓာတ်အားခွဲရုံမှ ဝန်ထမ်းများအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လေးခန်းတွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆောက်အအုံမှာ အလျား ပေ ၆၀၊ အနံ ပေ ၅၀ ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၁၀၆ ဒသမ ၄၆၅၀၀ ဖြင့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ကုမ္ပဏီက တာဝန်ယူ‌တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)