ပိုင်ကျုံမြို့နယ်၌ နောင်ဒိုင်း-သောင့်တော် ကျေးရွာချင်းဆက်ကုန်ထုတ်လမ်း မြေသားဂဝံခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ   ဇန်နဝါရီ   ၂၉

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ခွီး ကျေးရွာအုပ်စု နောင်ဒိုင်း-သောင့်တော် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း မြေသားဂဝံလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာ ၁၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းသည် (၁/၁မိုင်×၁၂×’-၉”)ရှိပြီး မြေသားဂဝံလမ်းခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၄၆.၅၀၁)သန်းဖြင့် အကောင်အထည်‌ဖော်ဆောင်ရွက် ခြင်းဖြစ်ပြီး ချမ်းမြေ့ဇမ္ဗူကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ကာ လုပ်ငန်းများအချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက် ခဲ့‌ကြောင်း သိရသည်။

 

လုပ်ငန်းများပြီးစီးမှုကြောင့် ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် ဥတုသုံးပါးစလုံး လမ်းပန်းဆက်သွယ်ရေး  အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာပြီး ဖြစ်ကြောင်း သိရသည်။

နော်ခူးခူး၊စောဂျိုးဇက်ဂျူး (ပိုင်ကျုံ )