ပါကစ္စတန်၊ အီရန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည်ဦးရေ ၁၁၅၀၀၀ ခန့် နေရပ်ပြန်လာ

ဇူလိုင် ၂

အိမ်နီးချင်းပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည် ၁၁၅၀၀၀ နီးပါးသည် လွန်ခဲ့သောလက နေရပ်သို့ပြန်လာကြောင်း ဒုက္ခသည်များနှင့်နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနက ပြောကြားသည်။  နေရပ်သို့ပြန်လည် ရောက်ရှိလာသူများထံ ငွေကြေးနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်ဟု ထိုဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။

ပါကစ္စတန်နိုင်ငံတွင် အာဖဂန်ဒုက္ခသည် ၂ ဒသမ ၅ သန်းကျော် နေထိုင်ပြီး အီရန်နိုင်ငံတွင်လည်း အာဖဂန်ဒုက္ခသည် ၂ ဒသမ ၅ သန်းကျော် နေထိုင်သည်ဟု သိရသည်။

အာဖဂန်အစိုးရက ပြည်ပတွင်နေထိုင်သောအာဖဂန်ဒုက္ခသည်များ နေရပ်သို့ပြန်လာရန်နှင့် စစ်ဘေးသင့်နိုင်ငံ ပြန်လည်တည်ဆောက်ရေးတွင်ပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို