ပါကစ္စတန် ဝန်ကြီးချုပ်မှ မိုဒီအား ဂုဏ်ပြု

ပါကစ္စတန်ဝန်ကြီးချုပ်အပါအဝင် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များက အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြန်လည် ရွေးကောက်ခံရမှုအပေါ် ချီုးကျူးဂုဏ်ပြုလျက်ရှိသည်။ 

 

" တောင်အာရှဒေသ ငြိမ်းချမ်းရေး၊ တိုးတက်မှုနှင့်သာယာဝပြောမှုတို့အတွက် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်အတူ လက်တွဲလုပ်ကိုင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် အန်မရမ်ခမ်းက ၄င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

 

mdn

 

သို့သော်လည်း မဲရေတွက်မှုများပြုလုပ်နေစဉ် ပါကစ္စတန်တပ်မတော်သည် ကြာသပတေးနေ့က ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့သည်။

 

အဆိုပါဝေဟင်ပစ် Shaheen-II သည် နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်ပြီး ကီလိုမီတာ ၁၅၀ဝအကွာအဝေးသို့ ရောက်ရှိနိုင်သည်။ 

အငြင်းပွား ကက်ရှ်မီးယားဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ချိန် ဖေဖော်ဝါရီလအတွင်း နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ 

အစ္စလာမ်အစွန်းရောက်အုပ်စု၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယလေတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့သည်ဟု ဆိုသည်။ 

 

နယ်စပ်တစ်လျောက်ရှိ အဆိုပါအဖွဲ့၏ အခြေစိုက်စခန်းများကို အိန္ဒိယလေတပ်က လေကြောင်းတိုက် ခိုက်မှုများဖြင့် လက်တုံ့ပြန်မှုပြုလုပ်ခဲ့ရာ နှစ်နိုင်ငံကြား စစ်ပွဲဖြစ်လုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့သည်။ 

 

မိုဒီသည် ပြင်ပရန်၏ ခြိမ်းခြောက်မှုမှ ကာကွယ်ရန်အတွက် ခေါင်းဆောင်ကောင်း လိုအပ်ကြောင်း ရွေးကောက်ပွဲ စည်းရုံးစဉ် ကာလအတွင်း မဲဆွယ်စည်းရုံးခဲ့သည်။

 

ကိုကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်