ပါကစ္စတန်အနောက်မြောက်ပိုင်း၌ မိုးရွာသွန်းမှုကြောင့် နေအိမ်ပြိုကျသဖြင့်  ငါးဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၂၈

 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပါ့ထန်ခ်ဟွာပြည်နယ် ကာရမ်ခရိုင်တွင် နေအိမ်တစ်လုံးပြိုကျခဲ့ပြီးနောက် လူ ငါးဦးထက်မနည်းသေဆုံးပြီး အခြား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

 

အဆိုပါခရိုင်၏ ပါရာချီနာဒေသတွင် မိုးရွာသွန်းမှုကြောင့် နှစ်ထပ်အိမ်တစ်လုံးပြိုကျကာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်ဟု ထိုဖော်ပြချက်အရ သိရသည်။

 

ထိုနေအိမ်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် ခုနစ်ဦးသည် အခြေအနေဆိုးရွားလျက်ရှိကြောင်း ဖော်ပြထားသည်။

 

ယင်းဒဏ်ရာရရှိသူများကို ပြည်နယ်မြို့တော် ပီရှဝါသို့ ပို့ဆောင်ပေးခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက ဒေသန္တရမီဒီယာသို့ ပြောကြားခဲ့သည်။

 

နေအိမ်ပြိုကျမှုကြောင့် သေဆုံးသူများတွင် ကလေးငယ်လေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ပါဝင်ကြောင်း ကယ်ဆယ်ရေးအလုပ်သမားများက ထပ်လောင်းပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို