ပါကစ္စတန်စစ်ခေါင်းဆောင်ဟောင်းအား သေဒဏ် ချမှတ်

၁၈ ဒီဇင်ဘာ

 

ပါကစ္စတန်နိုင်ငံရဲ့ စစ်ခေါင်းဆောင်ဟောင်း ပါဗေ့ မူရှာရတ်ဟာ နိုင်ငံတော်ကိုသစ္စာဖောက်ကြောင်း တွေ့ရှိရတဲ့အတွက် ပြည်ထောင်စုတရားရုံး (Federal Shariat Court) ကနေ မနေ့(အင်္ဂါနေ့)မှာ သေဒဏ် ချမှတ်လိုက်ပါတယ်။ မူရှာရတ်အား သေဒဏ်ချမှတ်တဲ့အပေါ် ပါကစ္စတန် စစ်တပ်က ရှုတ်ချလိုက်ပါတယ်။

 

စစ်တပ်လွှမ်းမိုးမှုရှိပြီး စစ်အရာရှိကြီးတွေဟာ တရားစွဲလို့မရတဲ့သူတွေလို့ သတ်မှတ်ထားတဲ့ ပါကစ္စတန်နိုင်ငံမှာ စစ်တပ်ခေါင်းဆောင်ဟောင်းတစ်ဦးအား နိုင်ငံ့အပေါ် သစ္စာဖောက်မှုနဲ့ တရားရုံးကနေ ပထမဦးဆုံးအကြိမ် သေဒဏ်ပေးခြင်း ဖြစ်ပါတယ်။ 

 

မူရှာရတ်ဟာ ၁၉၉၉ ခုနှစ်မှာ အာဏာသိမ်းပြီး အဲဒီနောက် ၂၀ဝ၁ ခုနှစ်ကနေ ၂၀ဝ၈ ခုနှစ်အထိ သမ္မတရာထူးနဲ့ ပါကစ္စတန်နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။  ၂၀၁၃ ခုနှစ်ကစပြီး ၂၀ဝ၇ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံကို ဖျက်သိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။

 

မူရှာရတ်ကို ခရီးသွားလာခွင့် ပိတ်ပင်ထားရာကနေ ၂၀၁၆ ခုနှစ်တွင် ဆေးကုသရန်အတွက် ပြန်လည် ခွင့်ပြုလိုက်ပါတယ်။ အဲဒီချိန်ကစပြီး အသက် ၇၆ နှစ်အရွယ် မူရှာရတ်ဟာ ဒူဘိုင်းနဲ့ လန်ဒန်မြို့တွေမှာသာ နေထိုင်တာကို တွေ့ရပါတယ်။

 

မူရာရတ်ရဲ့ အဓိက နေ့စွဲများ

 

၁၉၄၃ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဗြိတိသျှအိန္ဒိယရဲ့ ဒေလီမြို့ဟောင်းမှာ မူရာရတ်ကို မွေးဖွားခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ပါကစ္စတန်ကို မူရှာရတ်မိသားစု ပြောင်းရွှေ့ခဲ့ပါတယ်။

 

၁၉၆၄ ခုနှစ်- စစ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။

 

၁၉၉၈ ခုနှစ် အောက်တိုဘာ- ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်က မူရှာရတ်ကို စစ်ဦးစီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

 

၁၉၉၉ အောက်တိုဘာ- ရှာရစ်ဖ်ထံမှ သွေးထွက်သံယိုမရှိဘဲ အာဏာသိမ်းယူခဲ့ပါတယ်။ အဲဒီနောက် နှစ်နှစ်အကြာမှ သမ္မတဖြစ်လာခဲ့ပါတယ်။

 

mdn

 

၂၀ဝ၂ ခုနှစ် ဧပြီ- သူ့ကိုယ်သူသမ္မတလို့ ကြေညာပြီး တစ်နှစ်နီးပါးအကြာ ဝေဖန်မှုတွေရှိတဲ့ ဆန္ဒခံယူပွဲကနေ သူ့ကို နောက်ထပ် ငါးနှစ် သမ္မတ အဖြစ်တာဝန်ယူခဲ့ပါတယ်။

 

၂၀ဝ၇ ခုနှစ် အောက်တိုဘာ- အတိုက်အခံပါတီ အားလုံးနီးပါး သပိတ်မှောက်တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတ ဖြစ်ခဲ့ပါတယ်။

 

၂၀ဝ၇ခုနှစ် နိုဝင်ဘာ-  နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပြီး ဖွဲ့စည်းအုပ်ချုပ်ပုံကို ဖျက်သိမ်းလိုက်ပါတယ်။

 

၂၀ဝ၈ခုနှစ် သြဂုတ်- မဟာမိတ်အစိုးရသစ်ကနေ ဖြုတ်ချဖို့ ကြိုးစားမှုကြောင့်  မူရှာရတ်က ရာထူးမှနှုတ်ထွက်ပြီး လန်ဒန်နဲ့ဒူဘိုင်းမှာ နေထိုင်ခဲ့ပါတယ်။

 

၂၀၁၃ ခုနှစ် မတ်လ- ပါကစ္စတန်နိုင်ငံကို ပြန်လာပြီး သမ္မတရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက် လုပ်ဆောင်ရာ ယှဉ်ပြိုင်ခွင့်နဲ့ နိုင်ငံက ထွက်ခွင့်တွေကို ပိတ်ပင်ခံခဲ့ရပါတယ်။

 

၂၀၁၃ သြဂုတ်- ၂၀ဝ၇ ခုနှစ်က မူရှာရတ်ရဲ့ နိုင်ငံရေးပြိုင်ဘက် ဘနာဇီယာဘူတိုကို သတ်ဖြတ်တဲ့အပေါ်  ပြစ်မှုသုံးခုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

 

၂၀၁၆ ခုနှစ် မတ်- ခရီးသွားလာခွင့်ကို ဖျက်သိမ်းပေးပြီး ဒူဘိုင်းကို ဆေးကုသခွင့် ပေးခဲ့ပါတယ်။

 

၂၀၁၉ ဒီဇင်ဘာ- ၂၀ဝ၇ ခုနှစ်က ကျူးလွန်ခဲ့နိုင်ငံတော်သစ္စာဖောက်မှုအတွက် မျက်ကွယ်မှာ သေဒဏ် အပြစ်ပေးခဲ့ပါတယ်။ 

 

mdn

 

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘူတိုရဲ့ သားက ဒီမိုကရေစီဟာ အကောင်းဆုံး လက်စားချေမှုဖြစ်တယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

 

မူရှာရတ်ရဲ့ ရှေ့နေကတော့ မူရှာရတ်က အခုနေမကောင်းဘူး။ ဒူဘိုင်းမှာရှိနေတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်၊ မဝင် မသိရသေးကြောင်း ပြောပါတယ်။

 

MDN

ကိုးကား - AFP