ပါကစ္စတန်ခေါင်းဆောင်ဟောင်း မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်

အစ္စလာမ်မာဘတ် ၁၈ ဒီဇင်ဘာ 

ပါကစ္စတန် ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ပါဗက်မူရှာရက်ဖ်ကို အစ္စလာမ်မာဘတ်ရှိ အထူးတရားရုံးတော်က သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင်သုံး ဦးပါဝင်သည့် တရားရုံးသည် မူရှာရက်ဖ်ကို ၂၀၁၃ခုနှစ် ကတည်းက ဆိုင်းငံ့ခဲ့သည့် တရားစွဲဆို မှုဖြစ်သည့် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်သည် ၁၉၉၉ ခုနှစ် အာဏာသိမ်းပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တိုင်းပြည်တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၁၆ခုနှစ်က ဆေး ကုသမှုခံယူရန် တိုင်းပြည်မှထွက်ခွာ ခဲ့ပြီး လက်ရှိတွင် ဒူဘိုင်းသို့ရောက်ရှိနေသည်။ ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်းငံ့မှု အပါ အဝင်၊ ၎င်း၏ ရာထူးသက်တမ်းချဲ့ ထွင်ရန် ရည်ရွယ်ချက်ဖြင့် အရေးပေါ် စည်းမျဉ်းချမှတ်ခဲ့မှုတို့ဖြင့် စွဲချက် တင်ခဲ့ခြင်းဖြစ်သည်။

ယခုလအစောပိုင်းကလည်း မူရှာရက်ဖ်သည် ဆေးရုံပေါ်မှတစ်ဆင့် ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ပြီးအဆိုပါ ဗီဒီယိုထဲတွင် ၎င်းအပေါ်စွပ်စွဲထားမှုများမှာ အခြေအမြစ်မရှိဟုပြောဆိုခဲ့သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ခဲ့ပြီး အရေးပေါ် စည်းမျဉ်းတစ်ခုချမှတ်ခဲ့ရာ ယင်းသို့ပြုလုပ်မှုကြောင့် ဆန့်ကျင်မှုများ ပေါ်ပေါက်လာခဲ့သည်။ ၎င်းအပေါ်စွဲချက်တင်မှုကို ရှောင်ရှားနိုင်ရန် ၂၀၀၈ ခုနှစ်တွင် ရာထူးမှနုတ်ထွက်ခဲ့သည်။

ထို့နောက် ၁၉၉၉ ခုနှစ်အာဏာ သိမ်းမှုတွင် ၎င်းဖြုတ်ချခဲ့သည့် နာဝယ် ရှာရစ်ဖ်သည် ၂၀၁၃ ခုနှစ်တွင် ဝန်ကြီး ချုပ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စတင်တရားစွဲဆိုခဲ့သည်။

ဘီဘီစီ