ပါကစ္စတန်နိုင်ငံ အစ္စလာဘတ်မြို့တော်၌ လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၂ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၅

 

ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျက်ရှိရာ အစ္စလာမာဘတ်မြို့တော်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

 

အစ္စလာဘတ်ခရိုင် ကျန်းမာရေးမှူးရုံး၏ ယမန်နေ့ညနေပိုင်း ထုတ်ပြန်ချက်အရ ကျေးလက်ဒေသများမှ ထိုရောဂါဖြစ်ပွားသူ ၄၈ ဦးနှင့် မြို့ပေါ်မှ ၂၄ ဦးတို့ဖြစ်သည်ဟု သိရသည်။

 

ယခုနှစ်အတွင်း ထိုမြို့တော်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၉၄၃ ဦးရှိရာ ကျေးလက်ဒေသမှ ထိုရောဂါဖြစ်ပွားသူ ၆၀၁ ဦးနှင့် မြို့ပေါ်မှ ၃၄၂ ဦးတို့ဖြစ်ကြောင်း   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါရောဂါဖြစ်ပွားမှုကြောင့်  လေးဦးသေဆုံးခဲ့ရာ ထိုသေဆုံးသူများမှာ ကျေးလက်မှ နှစ်ဦးနှင့် မြို့ပေါ်မှနှစ်ဦးတို့ ဖြစ်သည်။

 

အစ္စလာမာဘတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်မားလာခြင်းကိုတုံ့ပြန်သည့်အနေဖြင့် သွေးလွန်တုပ်ကွေး ကာကွယ်ရေး လှုပ်ရှားမှုစတင်လုပ်ဆောင်ခဲ့သည်။

 

ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် မကြာသေးမီကပင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို