ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၁ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၈

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာက ယမန်နေ့ကပြောသည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားမှုကြောင့် ထိုပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူပေါင်း ၂၆၅၈  ဦးရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၀၀ ကျော်သည် ထိုပြည်နယ်၏ဒေသအသီးသီးရှိဆေးရုံများတွင် ဆေးရုံတက်ကုသမှုခံယူနေဆဲဖြစ်သည်။

ရာဝါပင်ဒီခရိုင်တာဝန်ရှိသူတစ်ဦးက ထိုခရိုင်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၅ ဦး တွေ့ရှိခဲ့ရာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၅၃၄ ဦးရှိလာသည်ဟု ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၃၄ ဦးအနက် ၉၀သည် ရာဝါပင်ဒီခရိုင်ရှိ ဆေးရုံအသီးသီးတွင်  ကုသမှုခံယူနေဆဲဖြစ်ပြီး အခြားသူများသည် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားပြီ ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို