ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၁ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၈

 

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးမှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်ပြောကြားသည်။

 

ထိုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူဦးရေ ၁၄၈၆၆၅၀ အပါအဝင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၆၂၃၄ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။

 

နိုင်ငံအတွင်း ကျန်းမာရေးအခြေအနေစိုးရိမ်ရသူဦးရေ ၂၈၀ အပါအဝင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၉၂၂၃ ဦး ရှိသည်။

 

နိုင်ငံတောင်ပိုင်း ဆင်းဒ်ရှ်ပြည်နယ်သည် ကိုဗစ်ရောဂါဖြစ်ပွားမှုအများဆုံးဒေသဖြစ်ပြီး ရောဂါကူးစက်ခံရသူဦဂရေ ၅၇၆၁၁၀ ဦးရှိသည်။

 

ပန်ဂျပ်ပြည်နယ်တွင် ယနေ့အထိ ရောဂါကူးစက်ခံရသူ ၅၀၅၃၀၇ ဦးရှိသည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ 
ဘာသာပြန်-မြင့်မြင့်ချို