ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁၄ ဦး ထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၁

 

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၂၈၅၂၅၄ ဦးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ကိုးဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူပေါင်း ၂၈၇၃၇ ဦးရှိလာသည်ဟု အမျိုးသားဌာနချုပ်နှင့် စစ်ဆင်ရေးစင်တာက ယနေ့တွင် သတင်းထုတ်ပြန်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်ဖြစ်ပွားနေဆဲလူနာ ၁၄၁၆၃ ဦးရှိပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူပေါင်း ၁၂၄၂၃၅၄ ဦးရှိသည်။ ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် အခြေအနေစိုးရိမ်ရသူ ၈၉၆ ဦးရှိသည်။

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ ဆင်းဒ်န်ပြည်နယ်သည် ကိုဗစ်ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ပွားသည့် ဒေသဖြစ်သည်။ ထိုပြည်နယ်တွင် ကိုဗစ်ကူးစက်ဖြစ်ပွားသူဦးရေ ၄၇၅၈၂၀ ရှိသည်။

 

ပါကစ္စတန်အစိုးရက ကျန်းမာရေးဝန်ထမ်းများ၊ အသက် ၅၀ နှင့်အထက်ရှိသူများနှင့် ကိုယ်ခံအားနည်းသူများအား ကိုဗစ်အားဖြည့်ကာကွယ်ဆေးများထိုးနှံမှုစတင်လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်းကို ဒေသန္တရမီဒီယာက ယနေ့တွင် ကိုးကားဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို