ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၂၄၇၉၃ ဦး ရှိလာ

မတ် ၃၁

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း နိုင်ငံ၏ကိုဗစ်ရောဂါတိုက်ဖျက်ရေးကို ဦးဆောင်လုပ်ဆောင်နေသော အမျိုးသားစစ်ဌာနချုပ်နှင့်စစ်ဆင်ရေးစင်တာ( အင်န်စီအိုစီ )က ယနေ့တွင် ပြောကြားခဲ့သည်။

 

ကိုဗစ်ရောဂါကူးစက်မှုများထပ်မံတွေ့ရှိလာရာ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၄၇၉၃ ဦးအထိ မြင့်တက်လာသည်ဟု အင်န်စီအိုစီက ဆိုသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၂၆ ဦးရှိရာ ဆေးကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူပေါင်း ၁၄၈၅၇၃၅ ဦးအထိ ရှိလာကြောင်း အင်န်စီအိုစီ၏ အချက်အလက်ဖော်ပြချက်များအရ သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် လူခြောက်ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၀၃၅၅ ဦးအထိ မြင့်တက်လာသည်။

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်သည် ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဒေသဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၅၇၅၂၅၇ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို