ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၅၀၁၆၈၀ ရှိလာ

ဖေဖော်ဝါရီ ၂၁

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁၃၆၀ ထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၀၁၆၈၀ အထိ မြင့်တက်လာသည်။

 

တစ်ရက်အတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၃၁၅ ဦးရှိပြီး ကျန်းမာရေးကောင်းမွန်လာသူစုစုပေါင်း ၁၄၀၃၉၆၈ ဦး ရှိလာသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၀၄၀ ရှိသည်။

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်းဆင်းဒ်ရှ်ပြည်နယ်သည် ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဒေသဖြစ်ပြီး ကူးစက်ဖြစ်ပွားသူ ၅၆၄၅၂၂ ဦး ရှိသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို