ပါကစ္စတန်နိုင်ငံ၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သောမတော်တဆမှုများကြောင့် ခြောက်ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

ဇူလိုင် ၁

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် လွန်ခဲ့သောငါးရက်အတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် ခြောက်ဦးထက်မနည်း သေဆုံးပြီး အခြား ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့မှတာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။

ထိုပြည်နယ်ရှိခရိုင်များတွင် မကြာသေးမီက မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ အဝေးပြေးလမ်းများ ပိတ်ဆို့နေကြောင်းနှင့် ယာဉ်အများအပြား သောင်တင်လျက်ရှရှိပြီး ခရိုင်အများအပြားသို့ ယာဉ်သွားလာမှုများ လုံးဝရပ်တန့်သွားကြောင်း ထိုတာဝန်ရှိသူများက ပြောကြားသည်။

သောင်တင်နေသောခရီးသည်များအားရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထူးအဖွဲ့များစေလွှတ်ထား သည်ဟု ၎င်းအဖွဲ့ကဆိုသည်။

နိုင်ငံအတွင်း လာမည့်ရက်များတွင် မိုးပိုမိုရွာသွန်းနိုင်သဖြင့် ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ကြရန် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က နိုင်ငံသားများအား အကြံပြုပြောကြားထားသည်။

အစောပိုင်းက ပန်ဂျပ်ပြည်နယ်၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ယင်းပြည်နယ်၏ နေရာအနှံ့အပြားတွင် ဇူလိုင်လအတွင်း မုတ်သုံမိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း သတိပေးပြောကြားထားပြီး ယခုနှစ်အတွင်း ၃၅ ရာခိုင်နှုန်းမိုးပိုမိုရွာသွန်းနိုင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို