အစ္စလာမ္မာဘတ် ၊ မတ် ၃
လွန်ခဲ့သည့် ၄၈ နာရီအတွင်း ပါကစ္စတန်နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၉ ဦး ထက်မနည်း သေဆုံးပြီး အခြား ၅၀ ထိခိုက်ဒဏ်ရာရရှိကြောင်း မတ် ၃ ရက်တွင် အာဏာပိုင်များက မီဒီယာသို့ ပြောသည်။
အဆိုပါ မိုးသည်းထန်ရွာသွန်းမှုကြောင့် နေအိမ်အများအပြား ပြိုလဲကြောင်း၊ မိုးရွာသွန်းမှုနှင့် ဆက်စပ်သော မြေပြိုကျမှုများကြောင့် လမ်းများပိတ်ဆို့မှုဖြစ်ပွားကြောင်း၊ အထူးသဖြင့် ခိုင်ဘာ ပတ်ခ်တွန်ခွာပြည်နယ် (ကေပီ) အနောက်မြောက်ဘက်တွင် ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
ကြာသပတေးနေ့နောက်ပိုင်း ကေပီပြည်နယ်၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သော ဖြစ်စဉ်များကြောင့် ၂၃ ဦးခန့် သေဆုံးကြောင်းနှင့် ဘလူချီစတန်ပြည်နယ် အနောက်တောင်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် ငါးဦး သေဆုံးကြောင်း ၎င်းက ဆက်ပြောသည်။
ဆင်ဟွာ