ပါကစ္စတန်နိုင်ငံ၌ မုတ်သုံမိုးရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိလာပြီး ၁၂၈၆၅ ဦးဒဏ်ရာရ

အစ္စလာမ္မာဘတ်   စက်တင်ဘာ  ၂၈

ပါကစ္စတန်နိုင်ငံ၌   ဇွန်လလယ်နောက်ပိုင်းမှ စတင်ကာ ရွာသွန်းခဲ့သည့် မုတ်သုံမိုးနှင့် ရေကြီးမှုတို့ ကြောင့် သေဆုံးသူပေါင်း ၁၆၃၈ ဦး ရှိလာပြီး ဒဏ်ရာ ရရှိသူပေါင်း ၁၂၈၆၅ ဦး ရှိလာကြောင်း ပါကစ္စတန် နိုင်ငံ    သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က စက်တင်ဘာ ၂၇ ရက်ညပိုင်းတွင် ပြောကြားသည်။

ပါကစ္စတန်နိုင်ငံ    သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ရပ်အရ နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုနှင့် ရေကြီး မှုကြောင့်      သေဆုံးခဲ့သူများထဲတွင်      ကလေးငယ် ၅၈၈ ဦးနှင့် အမျိုးသမီး ၃၃၂ ဦး ပါဝင်ကြောင်း သိရ သည်။

ပါကစ္စတန်နိုင်ငံ   ဆင်းပြည်နယ်တောင်ပိုင်း သည် မိုးရွာသွန်းမှုနှင့် ရေကြီးမှုဒဏ်အခံရဆုံးဖြစ်ပြီး ၇၄၇ ဦး သေဆုံးခဲ့ကြောင်း၊ ဘလိုချီစတန်ပြည်နယ် အနောက်တောင်ပိုင်း၌ ၃၂၃ ဦးနှင့်   ခိုင်ဘာပက်တွန်ခွာ ပြည်နယ်  အနောက်မြောက်ပိုင်း၌ ၃၀၆ ဦး အသီးသီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံ၏ ဒေသအသီးသီးတွင် မိုးရွာသွန်းမှုနှင့်    ရေကြီးမှုကြောင့်   လူနေအိမ် ၂၀၄၉၅၃၂ လုံး   ပျက်စီးခဲ့ကြောင်းနှင့်   တိရစ္ဆာန် အကောင်ရေ ၁၁၂၀၂၆၁ ကောင် သေဆုံးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့က ပြောကြားသည်။

ပါကစ္စတန်နိုင်ငံအတွင်းရှိ ခရိုင်ပေါင်း ၈၄ ခုမှ လူပေါင်း ၃၃၀၄၆၃၂၉ ဦးသည် အဆိုပါ မိုးရွာသွန်းမှုနှင့် ရေကြီးမှုဒဏ်ခံခဲ့ရပြီး လမ်းအရှည် ၁၃၀၇၄ ကီလို မီတာနှင့် တံတားအစင်းရေ ၄၁၀ ပျက်စီးခဲ့ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်