ပါကစ္စတန်နိုင်ငံ၌ ယခုနှစ်အတွင်း ပိုလီယိုရောဂါဖြစ်ပွားသူ ငါးဦးရှိ

နိုဝင်ဘာ ၁၃

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင်  ကလေးတစ်ဦး ပိုလီရောဂါဖြစ်ပွားသဖြင့် အကြောသေသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ဆင်းဒ်ပြည်နယ်မြို့တော်  ကရာချီတွင် ၃၁ လသားအရွယ်ကလေးငယ်တစ်ဦး ပိုလီယိုရောဂါဖြစ်ပွားခဲ့ကြောင်း ယမန်နေ့ကထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ပါကစ္စတန်နိုင်ငံတွင် ယခုနှစ်အတွင်း ပိုလီယိုရောဂါဖြစ်ပွားသူ ငါးဦးရှိလာသည်ဟု ထိုဝန်ကြီးဌာနက ထပ်လောင်းဖော်ပြထားသည်။

လွန်ခဲ့သော အောက်တိုဘာလက ဆင်းဒ်ပြည်နယ်မြိုတော် ကရာချီမှာပင် ၂၄ လသားအရွယ် ကလေးငယ်တစ်ဦးပိုလီယိုရောဂါဖြစ်ပွားခဲ့ရာ ကရာချိတွင် ပိုလီယိုရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး  အာဏာပိုင်များက စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့သည်။

အခြား ပိုလီယိုရောဂါသည်သုံးဦးသည် ခီဘာပတ်ထန်ဟွာပြည်နယ် အနောက်မြောက်ပိုင်း ဘန်နူခရိုင်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောကြားချက်အရ ပါကစ္စတန်နိုင်ငံသည် ပိုလီယိုရောဂါဖြစ်ပွားသည့်နိုင်ငံနှစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို