ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၂၇ ဦးအထိ ရှိလာ

အစ္စလာမ္မာဘတ် စက်တင်ဘာ ၂၂

 

ပါကစ္စတန်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုသည် သိသိသာသာမြင့်တက် လျက်ရှိလာသည်နှင့်အမျှ ယခုလတွင် လက်ရှိအချိန်အထိ နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ အဆိုပါရောဂါကြောင့် သေဆုံးသူ ၂၇ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူအားလုံးသည် ဆင်းဒ်ပြည်နယ်၏ အကြီးဆုံး မြို့တော်ကရာချိမှ ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ၂၄ နာရီ အတွင်း ဆင်းဒ်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ထပ်မံ ကူးစက်ခံရသူ ၃၅၃ ဦး ရှိကြောင်း၊ စက်တင်ဘာလတွင် သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၃၅၉၄ ဦး ရှိကြောင်းနှင့် ယခုနှစ်တွင် အဆိုပါ ပြည်နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ခံရသူ စုစုပေါင်းသည် ၆၁၆၃ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် အဆိုပါဌာနက ထုတ်ပြန်ထားသည်။

 

ထို့အပြင် နိုင်ငံအနောက် မြောက်ပိုင်း ဒီဘာပတ်ခ်တွန်ကွာ ပြည်နယ်၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၂၈၄ ဦးရှိသည့်အတွက် အဆိုပါ ပြည်နယ်၌ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၅၂၆၄ ဦးအထိရှိလာ ပြီဖြစ်ကြောင်း သိရသည်။ ပန်ဂျပ် ပြည်နယ်တွင်လည်း လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၂၁၅ ဦးရှိသည့်အတွက် သွေးလွန် တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်း ၃၆၄၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ပါကစ္စတန် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများသည် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ သိသိသာသာ မြင့်တက် လျက်ရှိသည့်အတွက် ဖိအား များနှင့် ရင်ဆိုင်ရလျက်ရှိပြီး ကရာချိမြို့မှ ကိုဗစ်-၁၉ ရောဂါ ကုသဆောင်အချို့ကို သွေးလွန် တုပ်ကွေးရောဂါ ကုသဆောင်အဖြစ် ပြောင်းလဲထား ရကြောင်း ဒေသတွင်း မီဒီယာများက ပြောသည်။

 

ဆင်ဟွာ