နိုဝင်ဘာ ၁၂

ပါကစ္စတန်နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ်တွင် ယခုနှစ်အတွင်း ခြင်မှကူးစက်တတ်သောရောဂါများဖြစ်ပွားသူပေါင်း ၂၆၇၃၈၉ ဦးရှိလာသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါပြည်နယ်တွင် ဇန်နဝါရီလမှ နိုဝင်ဘာလပထမသီတင်းပတ်အထိ  ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၆၅၀၂၁ ဦးရှိရာ ယင်းရောဂါဖြစ်ပွားမှုစံချိန်တင်အမြင့်မားဆုံးဖြစ်ပြီး ၎င်းနောက်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁၇၉ ဦးဖြစ်ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်အတွင်း ခရိုင်များနှင့်မြို့များတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၇၀၀၀ ထက်မနည်းရှိပြီး ဟိုက်ဒရာဘတ်ခရိုင်တွင် ယခုနှစ်လက်ရှိအချိန်အထိ ယင်းရောဂါဖြစ်ပွားသူ ၁၂၆၅၈၄ ဦး ရှိရာ ရောဂါဖြစ်ပွားမှု အများဆုံးဒေသဖြစ်သည်။ ယခုနှစ်အတွင်း ထိုပြည်နယ်ရှိ လူနာ ၆၀၁၅၀၀၀ ကျော်ကိုလည်း ငှက်ဖျားရောဂါစစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

ခြင်မှကူးစက်တတ်သောရောဂါဖြစ်ပွားမှုမှကာကွယ်ရန် ညအချိန်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ လုံခြုံစွာဝတ်ဆင် ထားခြင်းနှင့် အိပ်စက်ချိန်တွင် ခြင်ထောင်များအသုံးပြုခြင်းတို့ကဲ့သို့သော ကြိုတင်ကာကွယ်ရေးအစီအမံများ ပြုလုပ်ကြရန်လည်း ဒေသခံများအား အကြုံပြုထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို