ပါကစ္စတန်နိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူပေါင်း သုံးသိန်းကျော်အထိ ရှိလာ

အစ္စလာမ္မာဘတ်  ၁၂  စက်တင်ဘာ

 

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် -၁၉ ကူးစက်ခံရသူပေါင်း ၅၄၈ ဦးထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံတစ်ဝန်း ကူးစက်ခံရသူပေါင်း ၃၀၀၃၇၁ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် သတင်း ထုတ်ပြန်သည်။ ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး သေဆုံးသူ ငါးဦး ထပ်တိုးလာသည့်အတွက် သေဆုံးသူပေါင်း ၆၃၇၀ ရှိလာခဲ့သည်။

 

ဆင်းဒ်ပြည်နယ်တွင် ကူးစက်မှုအများဆုံးဖြစ် နိုင်ငံတောင်ပိုင်းရှိ ဆင်းဒ်ပြည်နယ်တွင် ကူးစက်မှု အများဆုံး ဖြစ်နေပြီး ကူးစက်ခံရသူပေါင်း ၁၃၁၄၀၄ ဦး ရှိသည်။ ယင်းနောက်တွင် ပန်ဂျပ်ပြည်နယ်မှကူးစက်မှု ဒုတိယအမြင့်ဆုံးဖြစ်ပြီး လူပေါင်း ၉၇၅၃၃ ဦး ကူးစက်ခံထားရသည်။

 

ပိတ်ဆို့ကန့်သတ်မှုများ ပါကစ္စတန်နိုင်ငံတွင် ကူးစက်မှုလျှော့ချနိုင်ရေးအတွက် မတ်လနှင့် ဧပြီလတို့တွင် တင်းကျပ်သည့် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းကူးစက်မှုများပြားသည့် နေရာများတွင်သာ အသွားအလာပိတ်ဆို့ ကန့်သတ်မှု ပြုလုပ်ခဲ့သည်။

 

ဆင်ဟွာ