ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းလာ

စက်တင်ဘာ ၁၄

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၅၈၀ ရှိပြီး ကူးစက်သူဦးရေ လျော့နည်းလာကြောင်း အင်န်စီအိုစီစင်တာက ယနေ့ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၀၀၀ အောက်လျော့နည်းခဲ့သဖြင့် ယင်းနေ့သည် တစ်လကျော်ကာလအတွင်း ကူးစက်မှုလျော့နည်းသည့်ပထမဆုံးနေ့တစ်နေ့ ဖြစ်လာသည်။

အဆိုပါနေ့မတိုင်မီက နေ့စဉ်ရောဂါကူးစက်သူဦးရေ ၃၀၀၀နှင့် ၄၀၀၀ အကြားတွင်ရှိသည်။

နိုင်ငံအတွင်း ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၀၉၇၄၁၆ ဦးအပါအဝင် ရောဂါကူးစက်ခံရသူပေါင်း ၁၂၁၀၀၈၂ ဦးရှိသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၇၈ ဦး ရှိသဖြင့် သေဆုံးသူပေါင်း ၂၆၈၆၅ ဦးအထိ ရှိလာသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို