နယူးဒေလီ ၇  မတ်

 

ပါကစ္စတန်ရေပိုင်နက်အတွင်း အိန္ဒိယ ရေငုပ်သင်္ဘောတစ်စင်း ဝင်ရောက်ရန်ကြိုးစားခဲ့သည်ဟူသော သတင်းမှာ သတင်းမှားသာဖြစ်သည်ဟု အိန္ဒိယနိုင်ငံက ငြင်းဆိုခဲ့ကြောင်း ကာကွယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

အိန္ဒိယနိုင်ငံသည် အမျိုးသား ရေကြောင်းအကျိုးစီးပွားကို ကာကွယ်ရန်အတွက် လိုအပ်လာပါက ရေတပ်အင်အားကို ဖြန့်ကြက်ထားမည်ဖြစ်ကြောင်း အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

 

ပါကစ္စတန်နိုင်ငံက ၎င်း၏ ရေပိုင်နက်အတွင်းသို့ အိန္ဒိယရေငုပ်သင်္ဘော တစ်စင်းဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း ဗီဒီယိုဖိုင်တစ်ခုအား ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင်ရာ မီဒီယာတစ်ခုဖြစ်သော ပြည်သူ့ဆက်ဆံရေးဝန်ဆောင်မှုက အာရေဗျ ပင်လယ်အတွင်းရှိ ပါကစ္စတန်ရေပိုင်နက်အတွင်းသို့ အိန္ဒိယရေငုပ်သင်္ဘောတစ်စင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော် ပါကစ္စတန် ရေတပ်တပ်ဖွဲ့ဝင်များက ယင်း၏ တည်နေရာကိုရှာဖွေတွေ့ရှိပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

ပါကစ္စတန်နိုင်ငံအတွင်း အိန္ဒိယနိုင်ငံက လေကြောင်းပျံသန်းမှုတစ်ခု ပြုလုပ်ပြီးနောက် အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ 

 

ဆင်ဟွာ