မေ ၂၉

ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ ချောက်အတွင်းသို့ သုံးဘီးတစ်စီး ထိုးကျသွားပြီးနောက်  လူ ခုနစ် ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

Haveli Kahuta ခရိုင် Khurshidabad ဒေသ၌ ယမန်နေ့ညနေပိုင်းက အပန်းဖြေခရီးစဉ်မှ ပြန်လာသည့် ခရီးသွားများ တင်ဆောင်လာသော သုံးဘီးယာဉ်သည် လမ်းမှ ကွေ့ထွက်ပြီး Mana Mor ရှိ ချောက်အတွင်းသို့ ထိုးကျသွားချိန်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာတွင် ယာဉ်မောင်းအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး အရေးပေါ်ကုသမှုခံယူရန် ခရီးသည် ငါးဦးကို Haveli Kahuta ရှိ ခရိုင်ဌာနချုပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများကို နောက်ပိုင်းတွင် အစ္စလာမာဘတ်ရှိ ပါကစ္စတန်ဆေးဘက်ဆိုင်ရာသိပ္ပံဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရာ ကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့ကြောင်း ဆေးရုံအာဏာပိုင်များက ပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို