ပါကစ္စတန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ၂၃ ဉီးသေ၊ ၄၀ဝ ကျော် ဒဏ်ရာရ

၂၅ စက်တင်ဘာ


ပါကစ္စတန် အရှေ့မြောက်ပိုင်းတွင် ယမန်နေ့က အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၂၃ ဉီး သေဆုံးခဲ့ပြီး ၄၀ဝ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 


ငလျင်၏ ပြင်းအားမှာ ၅ ဒသမ ၆ အဆင့်ရှိပြီး ငလျင်၏ အနက်မှာ ၁၀ ကီလိုမီတာရှိကြောင်း အင်္ဂါနေ့ နေ့လည်ပိုင်းက မီပါမြို့အနီး လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့က ပြောကြားခဲ့သည်။ 


အဆိုပါ ငလျင်ဒဏ်ကြောင့် လမ်းများမှာ ကြီးမားသည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အဉီများမှာလည်း ကြီးမားသည့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသန္တရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။


အပျက်အစီးများအောက်တွင် ပိတ်မိနေသည့်ဟု လူအများ ရှိနေနိုင်သည်ဟု ယုံကြည့်သည့်အတွက် အဆိုပါ လူအများကိုကယ်ဆယ်ရန် ပါကစ္စတန်အစိုးမှ စစ်တပ်များ စေလွှတ်ခဲ့သည်ဟု ဆိုသည်။


မီပူမြို့သည်  ပါကစ္စတန်နိုင်ငံ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား မြို့တစ်မြို့ ဖြစ်သည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်