ပခုက္ကူခရိုင်အတွင်းရှိ တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပခုက္ကူ မေ ၈

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူတက္ကသိုလ်၊ပင်မဆောင်(ဘွဲ့နှင်းသဘင်)ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သော ပခုက္ကူခရိုင်အတွင်း နေထိုင်ကြသော တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်များဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်တို့က ပခုက္ကူခရိုင်အတွင်း နေထိုင်ကြသော တိုက်ပွဲရှောင် မိသားစုဝင် လူဦးရေ (၅၄၀)ဦးတို့အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန် ခြောက်ပြည်ပါ ၅၄၀ အိတ်၊ ဆီ ၁၆၂ ပိဿာနှင့် ဆား ၁၆၂ ပိဿာ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သော ခေါက်ဆွဲခြောက် ၅၄၀ ထုပ်၊ ကြက်သွန်နီ ၁၃၅ ပိဿာ၊ ကြက်သွန်ဖြူ ၁၃၅ ပိဿာ၊ အာလူး ၂၄၃ ပိဿာ၊ ကုလားပဲ ၁၃၅ ပြည်၊ ကြက်ဥ ၁၀၈၀ လုံးနှင့် ကျောင်းဝတ်စုံ(ဖြူ/စိမ်း) ၁၂၀ စုံ၊ ကျောင်းသုံးဗလာစာအုပ် ၁၂၀ ဒါဇင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော အမျိုးသားလုံချည် ၃၁၁ ထည်၊ အမျိုးသမီးလုံချည် ၂၂၉ ထည်၊ တီရှပ်အင်္ကျီ၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံ တစ်ခုစီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ကြပြီး တိုက်ပွဲရှောင် မိသားစုဝင်များအား အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

 

ဘာမီသာ(ပခုက္ကူ)