ပခုက္ကူမြို့၌ ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ လူထုအသိပညာပေး Bill Board စိုက်ထူ

ပခုက္ကူ ဇွန် ၂၇

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ လူထုအသိပညာပေး Bill Broad စိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

ဦးစွာ ပခုက္ကူခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဒေါ်ကြည်ကြည်ချို၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့က ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ လူထုအသိပညာပေး Bill Broad ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထ ိကောက်ယူမည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အခမ်းအနား တက်ရောက်လာသူများနှင့် ခရီးသွားလာပြည်သူများထံ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

 

ဘာမီသာ(ပခုက္ကူ)